ဒေဝီနဲ့ဆီနာတိုဟာမောင်နှမရင်းတွေဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးနဲ့အတူနေထိုင်ပါတယ်။ဆီနာကတော့ အစ်ကိုကြီးဖြစ်ပေမယ့် ဘာကိုမကျေနပ်လိုမကျေနပ်မှန်းမသိ လောကကြီးကိုအရွဲတိုက်နေပြီးသူတိုမိခင်ကြီးရဲ့ကိစ္စအ၀၀နဲ့ အိမ်ထောင့်တာဝန်တွေကို ဒေဝီကပဲတာဝန်ယူထားရတာပါ။တစ်ညမှာတော့ သူတိုအိမ်ကို မျက်နှာဖုံးစွပ်လူဆိုးတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတိုရဲ့မိခင်သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီလူဆိုးတွေဟာ ဆီနာကိုလာရှာတာဖြစ်ပြီး သူမရှိတဲ့အတွက် တွေ့တဲ့သူကိုရန်ရှာသွားခဲ့တာပါ။မိခင်သေဆုံးသွားတဲ့နောက် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျသွားတဲ့ ဒေဝီဟာ သူတိုအမေရဲ့ဝိဉာဉ်ကိုမကြာခဏမြင်လာရပါတယ်။အဲ့ဒီအခြေအနေမှာပဲ ငယ်စဉ်ကတည်းက မိခင်ကိုရောသူတိုကိုပါစွန့်ခွာသွားခဲ့တဲ့ သူတိုရဲ့ဖခင်က သူနဲ့အတူလိုက်ခဲ့ဖိုလာခေါ်တဲ့ အချိန်မှာတော့ဒေဝီအနေနဲ့ ဖခင်ကိုရော အစ်ကိုကိုပါစိတ်နာနေပေမယ့် ရွေးစရာလမ်းမရှိတဲ့အတိုင်း သူတိုဖခင်ခေါ်ဆောင်ရာ သူတိုရဲ့ အမွေခံ စံအိမ်ကြီးကိုလိုက်ခဲ့တဲ့နောက်မှာတော့..။အဲ့ဒီအိမ်ကြီးကိုရောက်တဲ့ အချိန်မှာ သူတိုမိခင်ရဲ့ခြောက်လှန့်မှုတွေ ရပ်တန့်သွားမှာလား?သူတိုမိဘနှစ်ပါးကွဲကွာခဲ့တဲ့ ကိစ္စရဲ့အဖြေက ဘာဖြစ်မလဲ?သူတိုရဲ့ခေါ်ဆောင်လာတဲ့ ဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်တွေကရော ရိုးသားရဲ့လား?… အစရှိတာတွေကိုကျောချမ်းစရာ ရှုစားကြရမှာဖြစ်ပါတယ်။
❤️ ကြည့်ရန် – https://t.me/goodmoviemyanmar/440
💙 စာတန်းထိုးဇာတ်ကားကောင်းများ – https://t.me/goodmoviemyanmar/407
💙 18+ ဇာတ်ကားများကြည့်ရှုရန် – t.me/mmallmovie77
💙 ဇာတ်ကားများစုံလင့်စွာကြည့်ရှုရန် – https://mymovieverse.com