တစ်ခါက အမြီးကိုးချောင်းမြေခွေးမိစ္ဆာကြောင့် သုံးလောကမှာ စစ်မီးတောက်လောင်ခဲ့ရပါတယ်။ ကောင်းကင်ဘုံက ကျင့်ရွှးခန်းမဆောင်သခင်ဟာ ဒီမြေခွေးမိစ္ဆာကိုနှိမ်နင်းဖိုအတွက် ကျန်းကျစ်ယာ့ကို တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းကျစ်ယာ့ဟာ မြေခွေးမိစ္ဆာကိုအပြီးတိုင်မနှိမ်နင်းနိုင်ခင် မိစ္ဆာရဲ့လှည့်စားမှုကြောင့် ချိတ်ပိတ်ထားတဲ့အချုပ်အနှောင်ကို ဖြေပေးလိုက်မိပါတယ်။ ဒီအတွက် ခန်းမဆောင်သခင်က အမျက်ထွက်ပြီး ကျန်းကျစ်ယာ့ကို ကမ္ဘာမြေပေါ်ကိုနှင်ချခဲ့ပါတယ်။ ကမ္ဘာမြေပေါ်မှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကျန်းကျစ်ယာ့ဟာ သူ့ရင်ထဲမှာတစ်ချိန်လုံးရှိနေခဲ့တဲ့ အစိုင်အခဲရဲ့လျှိဝှက်ချက်ကို ဖော်ထုတ်ဖိုအခွင့်အရေးနဲ့ ကြုံလာပါတော့တယ်။