ဇာတ်လမ်းအကျဉ်းဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက်နေထိုင်နေကြပါပြီ။ နိုရာကတော့ လင်းယုန်တွေကို မွေးပြီးအတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။သူတိုက ဆီဇာကိုတောင်မသိကြပါဘူး။ တစ်နေ့မှာ သူတိုမျိုးနွယ်ကိုပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲတွေက ဝင်သတ်ပြီးအချိုတွေကို ဖမ်းသွားပါတယ်။ ပရောက်စိမပ်တိုကတော့ ဆီဇာရဲ့နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီးသောင်းကျန်းနေတဲ့အုပ်စုပါ။ နိုရာကတော့လွတ်မြောက်သွားပြီးလမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန်လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေမျိုးနွယ်စုတွေကို ပြန်ကယ်ဖို ကြိုးစားရပါတော့တယ်။