What's happening?

Video Sources 166 Views Report Error

  • Watch traileryoutube.com
  • Another RoundUnknown resource
Another Round

Another Round

Sep. 24, 2020Denmark117 Min.Not Rated
Your rating: 0
9 1 vote

Synopsis

ကြည့်ပါများလိုသတိထားမိသလောက်ပြောရရင် လူကြိုက်များလိုကောင်းတယ်သတ်မှတ်ခံရတာ မဟုတ်ဘဲ
တကယ်ကောင်းတဲ့ ရုပ်ရှင်အကုန်လုံးနီးပါးမှာတူညီတာတစ်ခုရှိပါတယ်။ ရုပ်ရှင်ရိုက်နေပေမဲ့
ရုပ်ရှင်မဆန်တဲ့ အချက်ပါပဲ။ဒီလိုရုပ်ရှင်တွေထဲကဇာတ်ကောင်တွေဟာ လူသိပ်ဆန်ပါတယ်။
မကြီးကျယ်ဘူး မမြင့်မြတ်ဘူး။လုပ်ချင်တာလုပ်နေကြတဲ့လူတွေပါပဲ။
အထူးသဖြင့် အရှေ့တိုင်းရဲ့ ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်တွေဟာ ရေနီးမြေနီးဓလေ့နီးတဲ့ ကျွန်တော်တိုရင်ထဲကို ၀င်လွယ်ပါတယ်။
အနောက်တိုင်းဘက်မှာတော့ ဘုံတူညီမှုတစ်ခုကိုသာ မကြည့်ဘဲ
တစ်ကားလုံးချုံကြည့်ရရင် အရှေ့တိုင်းရုပ်ရှင်ထက်နည်းနည်းရင်ထဲ၀င်ဖိုခဲပါတယ်။
ဒီလို၀င်နိုင်တဲ့ကားက မရှားပေမယ့် မများလှပါဘူး။
အခုဒီဒိန်းမတ်ရုပ်ရှင်က ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ အရက်သမားတစ်အုပ်အကြောင်းပါပဲ။
သူတိုမှာဖော်ပြပါအရည်အသွေးအပြည့်ရှိပါတယ်။ဇာတ်အိမ်ကတော့…သက်လတ်ပိုင်းကျောင်းဆရာတစ်စုနဲ့ သူတိုရဲ့သက်လတ်ပိုင်းမပြေလည်မှုတစ်ချိုပေါ်တည်ထားပါတယ်။
သူတိုစကားအတိုင်းပြောရရင်လူ့ခန္ဓာကိုယ်မှာ မွေးကတည်းက အယ်ကိုဟော 0.05%ပါပါတယ်။
ပြောရရင် ဒီအယ်ကိုဟောနှုန်းကိုထိန်းထားခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကောင်းတယ်
Createive ပိုဖြစ် Realxပိုဖြစ်တယ်ပေါ့ဗျာ။
ဒီတော့ အရက်ကိုကျန်းမာရေးအတွက် စသောက်ဖြစ်ရာကနေ ဘယ်လိုတွေ
အထိန်းအကွပ်မဲ့သည့်တိုင် ဖြစ်သွားလဲဆိုတာကို ပြထားတယ်လိုပဲ အကျဉ်းဆိုရမယ်။
သဘောကျစရာကောင်းတာက သူတိုမူးပြီးသောင်းကြမ်းကြတဲ့အခန်းတွေက
အရိုးရဲ့ယိုင်တိုင်ယိုင်တိုင်မဟာပုရိသသီချင်းကို ဒိန်းမတ်စတိုင်သရုပ်ဖော်ထားသလိုပါပဲ
ကျွန်တော်တော့ကြည့်နေရင်း အရိုးသီချင်းပဲပြေးမြင်တယ်။ခင်ဗျားတိုပတ်ဝန်းကျင်တော့ မသိပေမယ့်ကျွန်တော့်ပတ်၀န်းကျင်က လူတွေအတော်များများကတော့
သက်လတ်ပိုင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူအရက်သမားဖြစ်လာကြသူတွေများပါတယ်။
ဒီနေရာမှာ ဒီရုပ်ရှင်ဟာ realisticဖြစ်ဖိုဘက်ကို စကတည်းကဦးတည်ထားတာသိသာပါတယ်။
ကျောင်းဆရာတွေရဲ့ စရိုက်ကိုပုံဖော်ပုံကလည်းပုံဖော်ပုံလဲထိုနည်း၎င်းပါပဲ။ဒါရိုက်တာကတော့ The Huntတို Celebrationတိုလို ဒရာမာကားကောင်းတွေရိုက်ထားတဲ့ Thomas Vinterbergပါ။
မင်းသား ဒါရိုက်တာ ဘာမှပြောစရာမရှိပေမယ့် ရုပ်ရှင်မဆန်တာလွန်သွားလိုပဲလားတော့မသိပါဘူး
Cinematography ပိုင်းမှာတော့ သာမန်အမြင်အရ ပြောလောက်စရာ ဘာမှမတွေ့မိပါဘူး။
အော်စကာပွဲမှာ Best International Film ဆုအတွက်
ဒိန်းမတ်ပြည်ရဲ့ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရထားပါတယ်
အော်စကာရချင်ရမယ့် ရုပ်ရှင်ပါပဲ။တစ်ခုရှိတာက ရုပ်ရှင်ရဲ့နာမည်ကိုက “Another round”ပါ။တစ်ကားလုံးအရက်ကိုပဲအဓိကထားရိုက်ပြထားတာပါ။
ကျန်တာကောင်းတာဘာညာအသာထား
အရက်နဲ့ပက်သက်တဲ့ ဗဟုသုတတိုးချင်ရင်တော့
မိတ်ဆွေကြည့်ကိုကြည့်သင့်ပါတယ်။
တွေ့ကြုံဖူးသလောက်ဆို ကျွန်တော်တိုထဲက အတော်များများကတော့
လူလတ်ပိုင်းလောက်မှာ အရက်သမားဖြစ်မှန်းမသိဖြစ်လာကြမှာပါ။
ဒီတော့ အဲ့ဒီကာလမရောက်ခင် ရှောင်ရန်ဆောင်ရန်သိရအောင်ကြိုကြည့်ထားသင့်တယ်လိုအကြံပေးချင်ပါတယ်။
ဒိုင်တစ်ပေါက်က လျှမ်းလျှမ်းတောက်ပါတယ်။

🙏နောက်ဆုံးထွက်ဇာတ်ကားကောင်းများနှင့် 18+ ဇာတ်ကားများ ကြည့်ရှုနိုင်ရန်သည်ချန်နယ်လင့်လေးကို join ထားပေးပါအုံးနော်ရှင့် 🙏

🥺နောက်ဆုံးထွက်ဇာတ်ကားကောင်းများနှင့် 18+ ဇာတ်ကားများ ကြည့်ရှုနိုင်ရန်လင့်
➡️ https://t.me/addlist/4g–tMupiEgzMTNl

Another Round
Another Round
Another Round
Another Round
Another Round
Another Round
Another Round
Another Round
Another Round
Another Round
Original title Druk
IMDb Rating 7.7 201,576 votes
TMDb Rating 7.64 3,193 votes

Similar titles

The Red Envelope
Butas
Guns Up
Trivia at St. Nick’s
City of Lies
Love Hurts
The Kill Team
Rush
Mathu Vadalara 2
Love and Monsters
Concrete Utopia
The Ice Age Adventures of Buck Wild

Leave a comment

Name *
Add a display name
Email *
Your email address will not be published