ရိုမီနာနဲ့လန်ဒိုတိုက ငယ်လင်ငယ်မယားတွေဖြစ်ပြီး တစ်ချိန်ကတော့ချစ်လိုယူခဲ့ပေမယ့် အခုချိန်မှာ
ခင်ပွန်းဖြစ်သူလန်ဒိုက သူ့အပေါ်အေးစက်စပြုနေပါပြီ။ဒါကို ရိုမီနာကိုယ်တိုင်ခံစားမိသလို အနားမှာရှိတဲ့ သူ့မိခင်ကလည်း
ရိပ်မိပါတယ်။ လန်ဒိုခြေလှမ်းတွေပျက်နေတာကို ဖိနပ်ပေါက်လိုထင်ပါတယ်ဆိုပြီးမသိကျိုးကျွံထားခဲ့ပေမယ့် တစ်နေ့မှာတော့
လန်ဒိုအိမ်ထဲက မိန်းမစီးဖိနပ်တစ်ရံကိုတွေ့တဲ့အချိန်မှာ သံသယဟာပိုခိုင်မာစရာဖြစ်သွားခဲ့ပါတယ်။
ဒီအဖြစ်ကိုအတည်ပြုလိုက်နိုင်တာကတော့ လန်ဒိုအလုပ်လုပ်တဲ့စားသောက်ဆိုင်နားက စျေးဆိုင်ရှင်မိန်းမတစ်ယောက်ဆီမှာ
အဲ့ဒီဖိနပ်ကိုတွေ့လိုက်ရတာပါပဲ။
မခံချိမခံသာ အူနုကျွဲခတ်ခံလိုက်ရတဲ့ ရိုမီနာဟာ ဒေသခံဗိန္ဓောဆရာတစ်ယောက်နဲ့ပေါင်းပြီးအစီအရင်တွေ
ပီယဆေးတွေနဲ့သူ့ချစ်သူကိုပြန်ရဖို တစ်ဖက်ဇနီးကိုဒုက္ခပေးဖိုကြံစည်ပါတော့တယ်။
ကားရိုက်ကြဲသွားတဲ့ ကာလသားတွေရဲ့အချစ်တော် မင်းသမီးချောလေး Azi acosta ကိုပြန်တွေ့ရမယ့်ကားပါ။