What's happening?

Video Sources 306 Views Report Error

  • ဇာတ်ကားကြည့်မယ်
Uppu Kappurambu

Uppu Kappurambu

Jul. 04, 2025India136 Min.NR
Your rating: 0
7 1 vote

Synopsis

Uppu Kappurambu (2025)

imdb 5.6

လူတစ်ယောက်သေဆုံးသွားတဲ့အခါ ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးခြင်းဟာ ကျန်ရစ်သူတိုရဲ့ချစ်ခြင်းတရားကို ပြသခြင်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဒါတွေကလည်း လူတွေရဲ့အယူအဆနဲ့ အခြေအနေအပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ အခုတင်ဆက်ပေးမဲ့ ကျေးလက်နောက်ခံ ဟာသ-ဒရာမာဇာတ်လမ်းဟာလည်း အဲဒီအကြောင်းကိုအခြေခံပြီး စိတ်ကူးဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်။ချစ်တီဂျေယာပူရမ်ဆိုတာ အနီးနားရွာတွေကြားမှာ ထူးခြားလှတဲ့ရွာလေးတစ်ရွာပါ။ အဓိကကတော့ သူ့ရဲ့သမိုင်းကြောင်းနဲ့ သေသူတွေကိုမြှုပ်နှံပေးရာမှာ ထူးခြားတဲ့ အလေ့အထကြောင့်ပါပဲ။အဲဒီရွာလေးမှာ သေသူတိုင်းကို ပြီးစလွယ်မဟုတ်ဘဲ အုတ်ဂူတွေနဲ့ အသေအချာမြှပ်နှံပေးကြတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂူမှာလည်း နာမည် မွေးရက် သေဆုံးရက်တိုတင်မက သေဆုံးရတဲ့အကြောင်းကိုပါ ရေးထွင်းလေ့ရှိပါတယ်။
သေသူတွေကို ပြီးစလွယ်မမြှုပ်ကြတာဟာလည်း ရွာကလူတွေရဲ့ရှေးသမိုင်းကြောင်းတစ်ခုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့တော့ သူတိုရွာမှာ သင်္ချိုင်းနေရာရှားပါးလာပါတယ်။ သေသူကိုပြီးစလွယ်မြှုပ်နှံလိုမရတဲ့ သမိုင်းအစဉ်အလာကလည်း ရှိနေတာမို အဒီကိစ္စဟာ ရွာအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပါတော့တယ်။အဲဒီအခါ အဖေ့နေရာကိုဆက်ခံပြီး မဖြစ်ချင်ဘဲ ရွာလူကြီးဖြစ်လာရတဲ့ အာပူဗာဆိုတဲ့မိန်းကလေးရယ်၊ သုဘရာဇာလေး ချင်နာရယ်၊ ရွာသူရွာသားတွေရယ် ပူးပေါင်းပြီး ရွာအတွက် ဘယ်လိုအဖြေရှာကြမလဲ၊ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာမို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။

Uppu Kappurambu
Uppu Kappurambu
Uppu Kappurambu
Uppu Kappurambu
Uppu Kappurambu
Uppu Kappurambu
Uppu Kappurambu
Uppu Kappurambu
Uppu Kappurambu
Original title ఉప్పు కప్పురంబు
IMDb Rating 5.3 379 votes
TMDb Rating 7.3 3 votes

Director

Cast

Similar titles

Riders
One Fast Move
Clash
Gaganachari
The Union
Gangstas
Possession: Kerasukan
August 16, 1947
Katas
Chandramukhi 2
The Unholy 2
Vaazhai

Leave a comment

Name *
Add a display name
Email *
Your email address will not be published