What's happening?

Video Sources 278 Views Report Error

  • Watch traileryoutube.com
  • https://t.me/reviewmm99/2256Unknown resource
The Life List

The Life List

For everyone who's still figuring it out.Mar. 27, 2025USA123 Min.PG-13
Your rating: 0
9 1 vote

Synopsis

အဲလက်စ်ဟာ မွေးချင်းသုံးယောက်တည်းမှာ အငယ်ဆုံးနဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူမအထက်မှာ အစ်ကိုနှစ်ယောက်ရှိပါတယ်။ သူ့အစ်ကိုနှစ်ယောက်လုံးကလည်း အရမ်းတော်ကြပြီး သူ့နေရာနဲ့သူ ပေါက်ပေါက်မြောက်မြောက် ရှိကြတဲ့သူတွေပါ။

တစ်ဖက်မှာတော့ အဲလက်စ်ဟာ သူ့အမေရဲ့ ကုမ္မဏီဖြစ်တဲ့ ရိုအလှကုန်မှာပဲ မားကတ်တင်းမန်နေဂျာအနေနဲ့ ပြန်လုပ်ပြီး ကိုယ့်ပန်းတိုင်က ဘာမှန်းမသိ ဖြစ်ချင်တာ ဘာမှန်းမသိတဲ့ ထုံပေပေ သိုးမည်းလေး ဖြစ်လိုနေပါတယ်။

ဒီလိုနဲ့ မကြာခင်မှာ သူမရဲ့အမေဟာ ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး သူတိုမောင်နှမအတွက် သေတမ်းစာမှာ အမွေချန်ပေးခဲ့တဲ့အခါမှာ အဲလက်စ်အတွက် ဒီဗွီဒီခွေလေး တစ်ခွေကလွဲရင် ဘာမှ မခွဲပေးခဲ့ပါဘူး။ သူက မခံမရပ်နိုင်ဖြစ် ဒေါသတွေ ထွက်ရပေမဲ့လည်း အိမ်ကိုပြန်လာပြီး အဲခွေလေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ သူ့အမေ မသေခင် ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို တွေ့လိုက်ရပါတော့တယ်။

သူ့အမေက သူသမီး ဒီလို ဖြစ်ချင်ရာဖြစ် ပျော်ရွှင်မှုမရှိ ဝမ်းနည်းမှုမရှိ ဘဝကို ဖြတ်သန်းနေတာမျိုး မဖြစ်စေချင်ခဲ့ပါဘူး။ ဒါကြောင့် သူမအမေက သူမ ၁၃ နှစ်အရွယ်က ရေးထားခဲ့တဲ့ သူကြီးလာရင် ဖြစ်ချင်တဲ့ ဆုတောင်းစာရင်းလေးကို တွေ့လိုက်ရတဲ့အခါမှာ မသေခင် သမီးအတွက် ဗွီဒီယိုချန်ထားပေးခဲ့ဖို တွေးမိသွားပါတော့တယ်။

ဒီတော့ အဲလက်စ်ရဲ့အမေဟာ အဲလက်စ် ငယ်ငယ်က ရေးထားခဲ့တဲ့ ဆုတောင်းတွေအတိုင်း အကုန်လိုက်လုပ်ပြီးမှပဲ အမွေရမယ်လို ဗွီဒီယိုကနေတစ်ဆင့် မှာကြားခဲ့ပါတယ်။ ဒီတော့ ဘဝကို အလိုက်သင့်မျောပါနေတဲ့ အဲလက်စ်တစ်ယောက် သူငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ ဆုတောင်းစာရင်းအတိုင်း ဘယ်လိုလိုက်လုပ်မလဲ၊ သူ့ရဲ့ အဖြူအမဲလောကကြီးကရော တကယ်ပဲ အရောင်အသွေးပြန်စုံလင်လာမှာလားဆိုတာကို ဆွတ်ပျံ့ကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

❤️‍🔥 ဇာတ်ကားကြည့်ရန် (https://t.me/reviewmm99/2256)
❤️‍🔥 စာတန်းထိုးဇာတ်ကားကောင်းများကြည့်ရန် (https://t.me/mmsupermovie)
❤️‍🔥 18+ ဇာတ်ကားများကြည့်ရန် (https://t.me/mmzone18)
❤️‍🔥 ဇာတ်ကား များ စုံလင်စွာကြည့်ရန် (https://mymovieverse.com/)

The Life List
The Life List
The Life List
The Life List
The Life List
The Life List
The Life List
The Life List
The Life List
The Life List
Original title The Life List
IMDb Rating 6.8 27,103 votes
TMDb Rating 6.886 407 votes

Similar titles

Lift
Puss in Boots: The Last Wish
Harlot’s Prayer
Muromachi Burai
Chhaava
Killing Mary Sue
Ad Vitam
The Toxic Avenger
Ace
The Mitchells vs. the Machines
[18+] Linya (2024)
Wonder Park

Leave a comment

Name *
Add a display name
Email *
Your email address will not be published